Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
Be an example. Show kindness to unkind people. Forgive people who don’t deserve it. Love unconditionally. Your actions always reflect who you are. လောကမှာကိုယ့်အနေနဲ့ ဘယ်လိုလူစားမျိုးလဲဆိုတာကိုကိုယ့်ရဲ့လုပ်ရပ်တွေကရောင်ပြန်ဟပ်နေစေမှာပါ။ အထူးသဖြင့် လူသားအားလုံးအတွက် ဥပမာတစ်ခုအနေနဲ့ နေထိုင်တတ်ရပါမယ်။ ဥပမာဆိုတဲ့နေရာမှာလည်းကောင်းတဲ့နေရာမှာ စံနမူနာထားစရာကောင်းတဲ့လူသားတစ်ယောက်အဖြစ် ကျန်တဲ့သူတွေက မြင်နေအောင်နေထိုင်သင့်ပါတယ်။ ဘယ်လိုမျိုးတွေ နေထိုင်ရမလဲဆိုတာကိုတော့ ဆက်ပြီးအကျယ်တဝင့်ရှင်းပြချင်ပါတယ်။ လောကမှာလူအမျိုးမျိုးရှိပါတယ်။ ပုံသဏ္ဍာန်တွေ မတူကွဲပြားသလိုဘဲစိတ်ဓါတ်ခံယူမှုတွေလည်း ခြားနားကြပါတယ်။ အဲဒီအခါမှာကိုယ်ကကိုယ်နဲ့ သဘောထားခြင်းတူညီတဲ့သူတွေ လည်းတွေ့ဆုံရမှာဖြစ်သလိုကိုယ်နဲ့သဘောထားခြင်းမတူညီတဲ့သူတွေနဲ့လည်းဆုံတွေ့ရမှာပါပဲ။ အဲဒီအခါမှာကိုယ်နဲ့ မတူညီကွဲပြား တဲ့သူတွေအပေါ်ကိုလည်းအကောင်းဆုံးစိတ်ရင်းစိတ်ထားနဲ့ ဆက်ဆံတတ်ဖို့လိုပါတယ်။ တပါးသူကတခြားသူတွေ အပေါ် မောက်မာရိုင်းစိုင်းစွာဆက်ဆံတတ်ပေမယ့်လည်းကိုယ်ကတော့ သူတို့ရိုင်းသလိုလိုက်မရိုင်းဘဲယဉ်ကျေးစွာဆက်ဆံရပါမယ်။ မကြင်နာတတ်တဲ့သူတွေကိုလည်းကိုယ်က ကြင်နာမှုအပြည့်နဲ့ဆက်ဆံပြလိုက်ပါ။